ပြိုလဲလို့ရတယ် ဒါပေမဲ့အရူံးပေးလို့မရဘူး။ မင်းလိုချင်တဲ့အောင်မြင်မူရဖို့ပြောရတာလွယ်ပေမဲ့ကြိုးစားရတာနတ်ပြည်ရောက်ဖို့ထက်ခက်ခဲတယ်။ မင်းဖြစ်ချင်တဲ့သူဖြစ်လာဖို့ ဘယ်တော့မှနောက်ကျတယ်လို့မရှိပါဘူး ရိုးသားတဲ့အလုပ်လုပ်နေရင်တော့ အောင်မြင်မူမှာနှေးကွေးမှာပဲ။ ဘဝကို တရားမျှတဖို့ ဘယ်တော့မှ မမျော်လင့်ပါနဲ့။ သူတို့ထက် နည်းနည်းလောက်သာတဲ့အခါ မင်းကိုမနာလိုဖြစ်ကြလိမ့်မယ်။ ဝင်လိုရနေပါသေးပါသေးတယ်

Yowamushi Pedal

Synopsis : ဒီဇာတ်လမ်းမှာတော့ Otaku တစ်ယောက်ဖြစ်ပြီးသူငယ်ချင်းအပေါင်းအသင်းမရှိတဲ့ Sakamichi Onoda က ကျောင်းအသစ်မှာ anime clubကိုဝင်ပြီး ဝါသနာတူ သူငယ်ချင်းတွေရဖို့ စိတ်အားထက်သန်နေခဲ့ပါတယ်၊ ဒါပေမဲ့ ကံမကောင်းစွာပဲ ကျောင်းမှာ ကလပ်ကို စိတ်ဝင်စားတဲ့သူမရှိတာကြောင့် ဖျက်သိမ်းခံထားရတဲ့အတွက် အသင်းဝင်လိုတဲ့ ကျောင်းသားတွေကို ရှာဖွေစုစည်းပြီး အသင်းကိုပြန်တည်ထောင်ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်၊ အဲ့ဒီနောက် ကျောင်းဆင်းချိန်မှာ စတုတ္ထတန်းကတည်းက အပတ်တိုင်းသွားနေကြဖြစ်တဲ့ကီလိုမီတာ 90 အကွာအဝေးက Akihabaraမြို့စီAnime Figureတွေဝယ်ဖို့ စက်ဘီးနဲ့သွားတဲ့အချိန်မှာ လေ့ကျင့်ဖို့အတွက် ကျောင်းကကုန်းစောင်းလမ်းကို အသုံးပြုဖို့ ပြင်နေတဲ့ စက်ဘီးပြိုင်သမား Shunsuke Imaizumi နှင့် ပထမနှစ်ကျောင်းသားချင်းတွေ့ဆုံသွားကြပါတယ်၊ အဲ့ဒီမှာပဲ Onodaက သာမန်စက်ဘီးနဲ့တောင် တောင်ပေါ်ကို အေးဆေးတက်နိုင်တာကိုမြင်ပြီး အံ့ဩသွားကာ Imaizumi က Onodaကို "မင်းအနိုင်ရရင် anime clubကို ငါဝင်ပေးမယ်"လို့ ကမ်းလှမ်းပြီး ပြိုင်ပွဲတစ်ခု စိန်ခေါ်လိုက်ပါတယ်၊ Onodaကလဲ Anime club အတွက် လူရှာဖို့ စိတ်အားထက်သန်နေခဲ့အတွက် လက်ခံလိုက်ရာမှာတော့ အဲ့ဒီပြိုင်ပွဲကနေပဲ အထက်တန်းကျောင်း စက်ဘီးပြိုင်ပွဲလောကစီကို ပါရမီရှင်လူငယ်လေးတစ်ယောက်ရဲ့ ပထမဆုံးခြေလှမ်းတစ်ခု စတင်ခဲ့ပါတော့တယ်...

Type: anime
Genre: Sports, Sports,
Season: 1
Condition: Finished
Release: 2013-10-08
Rating: 8
Age Rating: 14
Presented By: Ani Wizard

You May Also Like