မင်းဖြစ်ချင်တဲ့သူဖြစ်လာဖို့ ဘယ်တော့မှနောက်ကျတယ်လို့မရှိပါဘူး ဘဝကို တရားမျှတဖို့ ဘယ်တော့မှ မမျော်လင့်ပါနဲ့။ ရိုးသားတဲ့အလုပ်လုပ်နေရင်တော့ အောင်မြင်မူမှာနှေးကွေးမှာပဲ။ သူတို့ထက် နည်းနည်းလောက်သာတဲ့အခါ မင်းကိုမနာလိုဖြစ်ကြလိမ့်မယ်။ မင်းလိုချင်တဲ့အောင်မြင်မူရဖို့ပြောရတာလွယ်ပေမဲ့ကြိုးစားရတာနတ်ပြည်ရောက်ဖို့ထက်ခက်ခဲတယ်။ ဝင်လိုရနေပါသေးပါသေးတယ် ပြိုလဲလို့ရတယ် ဒါပေမဲ့အရူံးပေးလို့မရဘူး။

Oshi no Ko

အသက်ဆယ့်ခြောက်နှစ်သာရှိသေးတဲ့ Ai Hoshino ဟာ အရည်အချင်းရှိပြီး လှပလို့ လူအများကချစ်ခင်ကြတဲ့ အိုင်ဒေါမလေးတစ်ယောက်ပါ၊ သူ့ကို ဖြူစင်ပြီး အပြစ်ကင်းစင်တဲ့ မိန်းကလေး တစ်ယောက်လို့လည်း သတ်မှတ်ထားကြတာပေါ့။ Gorou Amemiya ကတော့ ကျေးလက်ဒေသက သားဖွားဆရာဝန်တစ်ဦးဖြစ်ပြီး Ai ကို အလွန်ကြိုက်တဲ့ ဖန်တစ်ယောက်ပါ။ဒါပေမဲ့လည်း ကိုယ်ဝန်ကြီးနဲ့ အဆိုတော်မလေး Ai တစ်ယောက် သူ့ရှေ့ကိုရောက်လာတဲ့အခါလုံးဝမွန်ထူသွားခဲ့ပါလေရော၊ဒါပေမဲ့လည်း Ai ရဲ့ မိခင်စိတ်ပြည့်နေတဲ့ မျက်နှာလေးကို မြင်ပြီး Ai အား ကလေးကို ဘေးအန္တာရယ် ကင်းကင်းနဲ့ မွေးပေးပါမယ် ဆိုပြီး ပြောခဲ့လေတယ်။ ဒါပေမဲ့လည်း Gorou တစ်ယောက် တစ်စုံတစ်ယောက်ရဲ့သတ်ခြင်းကို ခံလိုက်ရလို့ သေဆုံးခဲ့လေတယ်။ဒါပေမဲ့လည်း သေဆုံးခဲ့ပြီးနောက် အဆိုတော်မလေး Ai ရဲ့ သားငယ်လေးအဖြစ် ပြန်ဝင်စားတာကို သတိထားမိခဲ့လေတယ်။ထို့နောက် Gorou တစ်ယောက် ဖျော်ဖြေရေးလောကဟာ သူထင်ထားတာထပ် ပိုရှုပ်ထွေးပြီး မှောင်မိုက်တာကို သိလာရတဲ့အခါ သူအရမ်းချစ်ရတဲ့ အဆိုတော်မလေး Ai ရဲ့ အပြုံးတွေ မပျောက်ကွယ်သွားအောင် Ai ၏ သားငယ်လေးအနေနဲ့ ကာကွယ်ပေးနိုင်မလား ဆိုတာကိုတော့....

Type: anime
Season: 1
Condition: Ongoing
Release: 2023-04-12
Rating: 8
Age Rating: 15
Presented By: Oni-chan Anime Myanmar

You May Also Like