မင်းဖြစ်ချင်တဲ့သူဖြစ်လာဖို့ ဘယ်တော့မှနောက်ကျတယ်လို့မရှိပါဘူး ဘဝကို တရားမျှတဖို့ ဘယ်တော့မှ မမျော်လင့်ပါနဲ့။ ပြိုလဲလို့ရတယ် ဒါပေမဲ့အရူံးပေးလို့မရဘူး။ ရိုးသားတဲ့အလုပ်လုပ်နေရင်တော့ အောင်မြင်မူမှာနှေးကွေးမှာပဲ။ သူတို့ထက် နည်းနည်းလောက်သာတဲ့အခါ မင်းကိုမနာလိုဖြစ်ကြလိမ့်မယ်။ မင်းလိုချင်တဲ့အောင်မြင်မူရဖို့ပြောရတာလွယ်ပေမဲ့ကြိုးစားရတာနတ်ပြည်ရောက်ဖို့ထက်ခက်ခဲတယ်။ ဝင်လိုရနေပါသေးပါသေးတယ်

Detective Conan (Case Closed)

Shinichi Kudo ဟာဆိုရင်အသက် 17 သာရှိသေးပေမယ့်အရမ်းတော်ပြီးထက်မြက်တဲ့ စုံထောက်တစ်ယောက်ပါ။သူစိတ်ဝင်စားတဲ့ဘယ်အမှုမျိုးကိုမဆိုအချိန်တိုအတွင်းမှာဖြေရှင်းနိုင်ပါတယ်။ တစ်နေ့မှာတော့ Shinichi တစ်ယောက်မသင်္ကာစရာလူတစ်စုကို‌နောက်ယောင်ခံလိုက်ရင်း အဖမ်းခံလိုက်ရပြီး အဆိပ်နဲ့ထိုးသတ်ခံရပါတယ်။ဒါပေမယ့် မသေသွားခဲ့ပဲ သူ့ခန္ဓာကိုယ်ဟာ အသက်ရှစ်နှစ်အရွယ်လောက်‌လေးပဲရှိပါတော့တယ်။ အဲ့ဒါနဲ့ပဲ ဘေးအိမ်က ရူးကြောင်ကြောင်တီထွင်သူကြီးကိုအကူအညီသွားတောင်းပါတော့တယ်။ အဲ့အချိန်မှာ သူပျောက်သွားလို့လိုက်ရှာနေတဲ့ သူ့သူငယ်ချင်း‌မလေး Ren ရောက်လာပါတယ်။ Shinichi ကအခြေအနေမှန်ကိုဖုန်းကွယ်ဖို့ သူ့ကိုယ်သူ Conan Edogawa ဆိုတဲ့ကောင်လေးပါဆိုပြီးလိမ်ခဲ့ပါတယ်။Ren က Conan မိဘတွေမရှိတုန်း သူ့အိမ်မှာလိုက်နေဖို့ခေါ်ပါတယ်။ Shinichi ဟာသူ့ရဲ့ သရုပ်မှန်ကိုဖုံးကွယ်ရင်းအဆိပ်နဲ့ထိုးသတ်ခဲ့တဲ့သူတွေကိုစုံစမ်းပြီး ဖြေဆေးကိုရအောင်ရှာမယ်လို့ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ တစ်ပိုင်းချင်းစီကိုစိတ်ဝင်စားဖွယ်အမှုများစွာနဲ့ရိုက်ကူးထားပြီး Conan ရဲ့ပြောင်မြောက်လှတဲ့ဖြေရှင်းပုံတွေကိုကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ 1996 တည်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး ending ရယ်လို့လည်းမရှိပါဘူး။

Type: anime
Genre: Crime, Action,
Season: 3
Condition: Ongoing
Release: 1996-01-08
Rating: 9
Age Rating: 14
Presented By: Dr Nyan's Anime

You May Also Like