မင်းဖြစ်ချင်တဲ့သူဖြစ်လာဖို့ ဘယ်တော့မှနောက်ကျတယ်လို့မရှိပါဘူး ဘဝကို တရားမျှတဖို့ ဘယ်တော့မှ မမျော်လင့်ပါနဲ့။ မင်းလိုချင်တဲ့အောင်မြင်မူရဖို့ပြောရတာလွယ်ပေမဲ့ကြိုးစားရတာနတ်ပြည်ရောက်ဖို့ထက်ခက်ခဲတယ်။ သူတို့ထက် နည်းနည်းလောက်သာတဲ့အခါ မင်းကိုမနာလိုဖြစ်ကြလိမ့်မယ်။ ဝင်လိုရနေပါသေးပါသေးတယ် ပြိုလဲလို့ရတယ် ဒါပေမဲ့အရူံးပေးလို့မရဘူး။ ရိုးသားတဲ့အလုပ်လုပ်နေရင်တော့ အောင်မြင်မူမှာနှေးကွေးမှာပဲ။

Doraemon

ပြည့်စုံကောင်းမွန်တဲ့ လူသားဆိုတာ လောကမှာမရှိပါဘူး လူသားတိုင်းမှာ ချွတ်ယွင်းချက်ကိုယ်စီ အားနည်းချက်ကိုယ်စီတော့ ရှိကြစမြဲပါ ဒီဇာတ်လမ်းလေးထဲမှာပါတဲ့ နိုဘီတဆိုတဲ့ ကျောင်းသားလေးကလည်း အဲ့အတိုင်းပဲလို့ပြောလို့ရပါတယ် သူက အားနည်းချက်ပေါင်း သောင်းခြောက်ထောင်နဲ့ ပြည့်နေတဲ့သူတစ်ယောက်ပါ အဲ့ဒါကြောင့် အနာဂတ်ကာလက သူ့ရဲ့ မြေးငယ်က မကြည့်ရက်တာကြောင့် ဒိုရေမွန်ဆိုတဲ့ ကြောင်စက်ရုပ်ကလေးကို လာပေးခဲ့ပါတယ် ဒိုရေမွန်ဟာ နိုဘီတအကူအညီလိုတာနဲ့ အနာဂတ်က ပစ္စည်းဆန်းလေးတွေကို ထုတ်ပေးပြီး ကူညီလေ့ရှိပါတယ် နိုဘီတက အဲ့ပစ္စည်းဆန်းတွေနဲ့ ဂျိုင်းရန်ဆိုတဲ့ ဖက်တီး အနိုင်ကျင့်တာခံရမယ့် ရန်ကနေ ကာကွယ်ဖို့လည်းသုံးသလို ဆူနဲအိုဆိုတဲ့ အကြွားသန်တဲ့ ကလေးကို ပြန်လက်စားချေဖို့လည်းသုံးပါတယ် တစ်ခါတစ်လေ အဲ့ပစ္စည်းတွေနဲ့ သူချစ်ရတဲ့ ကောင်မလေး ရှီဇူကာ အထင်ကြီးအောင်လည်း လုပ်ပြတတ်ပြတယ် ဒီဇာတ်ကားလေးဟာ အားလုံးနဲ့လည်း မစိမ်းသလို ငယ်ငယ်ကတည်းကလည်း အားလုံး ကြိုက်နှစ်သက်ခဲ့ကြတဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ် လူပင်ပန်း စိတ်ပင်ပန်း ဖြစ်တဲ့အချိန်ကျရင် ဒီလို ပျော်ရွှင်ဖွယ်ကောင်းတဲ့ ဇာတ်ကားကောင်းတွေကို ကြည့်ပြီး ဘဝအမောတွေကို ဖြေဖျောက်လိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်ဗျာ

Type: anime
Genre: Comedy, Sci-fi,
Season: 1
Condition: Finished
Release: 2005-04-15
Rating: 8
Age Rating: 10
Presented By: Channel Premium

You May Also Like