မင်းလိုချင်တဲ့အောင်မြင်မူရဖို့ပြောရတာလွယ်ပေမဲ့ကြိုးစားရတာနတ်ပြည်ရောက်ဖို့ထက်ခက်ခဲတယ်။ ရိုးသားတဲ့အလုပ်လုပ်နေရင်တော့ အောင်မြင်မူမှာနှေးကွေးမှာပဲ။ မင်းဖြစ်ချင်တဲ့သူဖြစ်လာဖို့ ဘယ်တော့မှနောက်ကျတယ်လို့မရှိပါဘူး ဝင်လိုရနေပါသေးပါသေးတယ် သူတို့ထက် နည်းနည်းလောက်သာတဲ့အခါ မင်းကိုမနာလိုဖြစ်ကြလိမ့်မယ်။ ပြိုလဲလို့ရတယ် ဒါပေမဲ့အရူံးပေးလို့မရဘူး။ ဘဝကို တရားမျှတဖို့ ဘယ်တော့မှ မမျော်လင့်ပါနဲ့။

Rage of Bahamut:Virgin Soul

ဒီကားလေးကတော့Rage of Bahamut: Genesisရဲ့season2 အဆက်ဖြစ်ပါတယ်။season2ရဲ့ဇာတ်အိမ်ကိုတော့ကမ္ဘာကြီးစီကိုပျက်စီးမှုတွေယူဆောင်လာမယ့် ရှေးနဂါးကြီးBahamutနိုးထလာတာကို တာဆီးနိုင်ခဲ့အပြီး ၁၀နှစ်အကြာမှာဇာတ်အိမ်တည်ထားပါတယ်။ Bahamutကိုနှိမ်နှင်းအပြီး လူသားတွေရဲ့တိုင်းပြည်မှာမင်းပြောင်းမင်းလွှဲဖြစ်ပေါ်ခဲ့ပြီး ငယ်ရွယ်တဲ့ဘုရင်အသစ်နန်းတက်လာခဲ့ပါတယ်။နန်းတက်လာတဲ့ ဘုရင်အသစ်ဟာနတ်ဘုရားတွေကိုအားကိုးနေရပြီး၊နတ်ဆိုးတွေကိုကြောက်နေရတဲ့ခေတ်အဆုံးသတ်ပြီလို့ကြွေးကြော်ခဲ့ပြီး စတင်စစ်ခင်းခဲ့ပါတယ်။ လူသားတွေနဲ့နှစ်ပေါင်းများစွာရန်ဖက်ဖြစ်တဲ့နတ်ဆိုးတွေဟာစစ်ပွဲမှာရှုံးနိမ့်ခဲ့ပြီး လူသားတွေရဲ့ကျွန်အဖြစ်ကိုရောက်ရှိခဲ့ရပါတယ်။နတ်ဆိုးတွေကိုကျွန်အဖြစ်အသုံးချခိုင်းစေရင်း လူသားတွေရဲ့တိုင်းပြည်ဟာ ကြွယ်ဝချမ်းသာလာပြီး၊တဖြည်းဖြည်းအင်အားလဲကြီးထွားလာခဲ့ပါတယ်။ တစ်ဖက်မှာတော့ Bahamutနိုးထလာတာကိုတားစီးရင်း အင်အားအများအပြားဆုံးရှုံးခဲ့ရတဲ့ နတ်ဘုရားတွေဟာ လူသားတွေရဲ့တိုင်းပြည်မှာဘုရင်အသစ်နန်းတက်လာမှုနဲ့အတူ လူသားတွေရဲ့ကိုးကွယ်ထောက်ပံ့မှုကိုပါမရတော့ဘဲ အင်အားရော၊သြဇာအရှိန်အဝါပါ ကျဆင်းလျှက်ရှိပါတယ်။ ဒီလိုနဲ့ လူသား၊နတ်ဆိုးနဲ့နတ်ဘုရားတွေ ဟန်ချက်ညီညီနေထိုင်လာတဲ့ကမ္ဘာကြီးဟာ လူသားတွေရဲ့အင်အားကြီးထွားလာတာနဲ့အမျှ တစ်ဖက်နှင့်တစ်ဖက် အမှန်းတွေ၊လက်စားချေချင်စိတ်တွေ နဲ့ဟန်ချက်ပျက်လာပါတော့တယ်။ [written by Shield Hero]

Type: anime
Genre: Fantasy, Action,
Season: 2
Condition: Finished
Release: 2017-04-08
Rating: 7
Age Rating: -17
Presented By: Anime Legion

You May Also Like