မင်းလိုချင်တဲ့အောင်မြင်မူရဖို့ပြောရတာလွယ်ပေမဲ့ကြိုးစားရတာနတ်ပြည်ရောက်ဖို့ထက်ခက်ခဲတယ်။ ရိုးသားတဲ့အလုပ်လုပ်နေရင်တော့ အောင်မြင်မူမှာနှေးကွေးမှာပဲ။ သူတို့ထက် နည်းနည်းလောက်သာတဲ့အခါ မင်းကိုမနာလိုဖြစ်ကြလိမ့်မယ်။ ဘဝကို တရားမျှတဖို့ ဘယ်တော့မှ မမျော်လင့်ပါနဲ့။ ဝင်လိုရနေပါသေးပါသေးတယ် မင်းဖြစ်ချင်တဲ့သူဖြစ်လာဖို့ ဘယ်တော့မှနောက်ကျတယ်လို့မရှိပါဘူး ပြိုလဲလို့ရတယ် ဒါပေမဲ့အရူံးပေးလို့မရဘူး။

Caligula

Review👇 အမှန်တရားဆိုတာ‌တွေ မမှန်တော့တဲ့အခါ..အရှိတရားဆိုတာတွေ မရှိတော့တဲ့အခါ.. မိသားစုတွေ သူငယ်ချင်းတွေ နောက်ဆုံးကိုယ်ကိုယ်တိုင်ကပါ အတု‌အယောင်ဖြစ်နေတဲ့အခါ.. ဘာတွေဘယ်လိုဖြစ်သွားမလဲဆိုတာကို ဒီ anime မှာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ Mobius ဆိုတာ တကယ်မရှိတဲ့ ကမ္ဘာကြီးပါ။ တကယ်မရှိတဲ့ကမ္ဘာကြီးမှာ ဘာမှဆိုရနိုင်တယ် ဘယ်သူမဆိုဖြစ်နိုင်တယ်။ အပြင်ကမ္ဘာမှာ သင်က အသည်းကွဲရင်ကွဲနေမယ် အရက်စွဲရင်စွဲနေမယ် နာတာရှည်ရောဂါတစ်ခုခုခံစားနေရတဲ့သူလည်းဖြစ်ရင်ဖြစ်မယ်။ Mobius မှာတော့ လူတိုင်းက အထက်တန်းကျောင်းသားတွေအဖြစ်နဲ့ နေ့ရက်တိုင်းမှာ ပျော်ရွှင်နေလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီပျော်ရွင်ခြင်းတွေက တကယ်အစစ်အမှန်မဟုတ်ဘူးလို့ အသိဝင်သွားကြတဲ့အခါ အတုအယောင်ကမ္ဘာကြီးကနေ ဘယ်လိုရုန်းထွက်ဖို့ကြိုးစားကြမလဲ။ တကယ်ရော ရုန်းထွက်နိုင်မှာလား။ Sci-fi, action genre ဖြစ်ပြီး The Caligula Effect ဆိုတဲ့ video game ကို adaptation လုပ်ထားတာဖြစ်ပါတယ်။ character အလန်းစားတွေနဲ့ psycho ဆန်ဆန် dialogue တွေ တစ်ဝကြီးကြည့်ရှုရမယ့် anime ပါ။ နာရီ 30 လောက်ဆော့ရမယ့် game storyline ကို 6 နာရီလောက်ပဲကြာမယ့် anime အဖြစ်နဲ့တင်ဆက်ထားတာ‌ဆိုတော့ character development ပိုင်းမှာ အားနည်းသွားတာလေးတော့ရှိပါတယ်(အပြစ်ပြောရလောက်အောင်တော့မဟုတ်ပါဘူး)။ Sci-fi တွေကြိုက်တတ်တယ်ဆိုရင်တော့ မလွတ်တမ်းကြည့်ရမယ့် anime ဖြစ်ပါတယ်လို့ review ပေးလိုက်ရပါတယ်။ မကြိုက်တတ်လည်း ကြည့်ဗျာ ကြိုက်သွားလိမ့်မယ် :3 #review_by_ahtooalwin

Type: anime
Genre: Sci-fi, Action,
Season: 1
Condition: Finished
Release: 2018-04-08
Rating: 6
Age Rating: 13
Presented By: Anime Project Myanmar

You May Also Like