ဝင်လိုရနေပါသေးပါသေးတယ် ရိုးသားတဲ့အလုပ်လုပ်နေရင်တော့ အောင်မြင်မူမှာနှေးကွေးမှာပဲ။ မင်းလိုချင်တဲ့အောင်မြင်မူရဖို့ပြောရတာလွယ်ပေမဲ့ကြိုးစားရတာနတ်ပြည်ရောက်ဖို့ထက်ခက်ခဲတယ်။ ပြိုလဲလို့ရတယ် ဒါပေမဲ့အရူံးပေးလို့မရဘူး။ ဘဝကို တရားမျှတဖို့ ဘယ်တော့မှ မမျော်လင့်ပါနဲ့။ မင်းဖြစ်ချင်တဲ့သူဖြစ်လာဖို့ ဘယ်တော့မှနောက်ကျတယ်လို့မရှိပါဘူး သူတို့ထက် နည်းနည်းလောက်သာတဲ့အခါ မင်းကိုမနာလိုဖြစ်ကြလိမ့်မယ်။

Mayo Chiki!

Kinjirō Sakamachi ဆိုတဲ့အထက်တန်းကျောင်းသားလေးဟာ Pro နပန်းသမားဖြစ်နဲ့အမေနဲ့နပန်းဝါသနာအိုးညီမရဲ့ထိုးချက်တွေ၊ပြင်းထန်တဲ့ကန်ချက်တွေကြောင့်ဘယ်လိုချုပ်ကွက်တွေနဲ့ထိုးချက်တွေကိုမဆိုခံနိုင်ရည်ရှိတဲ့ Body ပိုင်ဆိုင်တဲ့သူတစ်ယောက်ဖစ်လာခဲ့ပါတယ်။ ဒါပေမယ့်သူ့မှာအမျိုးသမီးတွေကိုကြောက်တဲ့ရောဂါဖစ်တဲ့ Gynophobia ရှိတာကြောင့်မိန်းကလေးတစ်ယောက်ယောက်မှသူ့ထိလိုက်ယုံနဲ့ ထိိမ်းမရအောင်နှာခေါင်းသွေးလျှံလာပြီး မူးမေ့သွားတဲ့အထိကိုဖြစ်လာပါတယ်။ Sabaru ဆိုတဲ့ကောင်မလေးဟာဂျပန်ပြည်မှာနာမည်အကြီးဆုံးကျောင်းရဲ့ကျောင်းအုပ်ဆရာမကြီးရဲ့သမီးအချောလေး Kanade ရဲ့အထိမ်းတော်အဖြစ်လုပ်ဖို့တောင်းဆိုခဲ့ပါတယ်။Sabaru ဟာမိန်းကလေးဖြစ်တာကြောင့်လက်ခံလို့မရပေမယ့်သူမတို့မျိုးရိုး စဥ်ဆက်အလိုက် Suzutsuki တို့မျိုးရိုးရဲ့အထိမ်းတော်အဖြစ်လုပ်ခဲ့တာကြောင့် Kanade ကျောင်းတတ်နေစဥ်အတွင်းမိန်းကလေးဆိုတာမသိအောင် နေနိုင်မယ်ဆိုရင်ခွင့်ပြုပေးမယ်လို့ကတိပေးလိုက်ပါတယ်။ တနေ့မှာတော့ Kanade Suzutsuki ရဲ့အထိမ်းတော်ဖြစ်တဲ့ Sabaru အိမ်သာတတ်နေတာကိုမတောတဆတွေ့မိပြီး Sabaru ဟာမိန်းကလေးဆိုတာသိသွားပီးပြဿနာတတ်ပါတော့တယ်။အဲ့တာကြောင့် သူ့အထိန်းတော်ကမိန်းကလေးဆိုတဲ့လှို့ဝှတ်ချက်ကိုသူများမပြောဘဲနေရင်အပြန်အလှန်အနေနဲ့သူ့ရဲ့ Gynophobia ကိုကုပေးမယ်ဆိုပြီး Kanade က ကတိပေးလိုက်ပါတော့တယ်။ အဲ့နောက်မှာတော့ မိန်းကလေးကြောက်တဲ့တဲ့သူရယ်၊မိန်းကလေးဆိုတာမသိစေချင်တဲ့သူရယ် ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာကို Ecchi ဆန်ဆန်လေးကြည့်ကြရမှာဘဲဖစ်ပါတယ်။

Type: anime
Genre: Comedy, Romance,
Season: 1
Condition: Finished
Release: 2011-02-05
Rating: 7
Age Rating: 13
Presented By: AMAPG-Myanmar

You May Also Like