မင်းလိုချင်တဲ့အောင်မြင်မူရဖို့ပြောရတာလွယ်ပေမဲ့ကြိုးစားရတာနတ်ပြည်ရောက်ဖို့ထက်ခက်ခဲတယ်။ သူတို့ထက် နည်းနည်းလောက်သာတဲ့အခါ မင်းကိုမနာလိုဖြစ်ကြလိမ့်မယ်။ ဘဝကို တရားမျှတဖို့ ဘယ်တော့မှ မမျော်လင့်ပါနဲ့။ မင်းဖြစ်ချင်တဲ့သူဖြစ်လာဖို့ ဘယ်တော့မှနောက်ကျတယ်လို့မရှိပါဘူး ရိုးသားတဲ့အလုပ်လုပ်နေရင်တော့ အောင်မြင်မူမှာနှေးကွေးမှာပဲ။ ပြိုလဲလို့ရတယ် ဒါပေမဲ့အရူံးပေးလို့မရဘူး။ ဝင်လိုရနေပါသေးပါသေးတယ်

Mashle:Magic and Muscles

Mash Burnedead နာမည်တွင်သူ Mcဟာ မှော်ပညာကသာအရာရာကိုစိုးမိုးပြီး လူတိုင်းကမှော်ပညာကိုသုံးနိုင်တဲ့ ကမ္ဘာမှာ မှော်မရှိဘဲမွေးဖွားလာခဲ့ပါတယ်။ အဲ့ကမ္ဘာမှာရှိသမျှလူတိုင်းက သူသာမှော်ပညာကိုမသုံးနိုင်တာသိသွားရင် သူ့ကိုအမြစ်ဖြတ်သုတ်သင်ဖို့ကြိုးစားမှာပါ။အဲ့တာကြောင့် Mash Burnedeadဟာ တောထဲမှာပုန်းနေပြီးတော့ နေ့တိုင်းကို ဗလတွေထွက်လာအောင်လေ့ကျင့်ပြီး မှော်နဲ့ယှဥ်ပြိုင်လို့ရတဲ့ ကိုယ်ခန္ဓာကိုရဖို့အစွမ်းကုန်ကြိုးစားနေခဲ့လေရဲ့... ဒါပေမဲ့လည်းကံဆိုးစွာနဲ့ သူ့ရဲ့ဖြစ်တည်မှုကို လူသိသွားချိန်မှာကြောင့် အေးချမ်းတဲ့သူ့ဘဝလေး မပျက်သုန်းသွားစေဖို့ Mash တစ်ယောက် သူနေထိုင်ရာကမ္ဘာကလူတွေ သူ့ဖြစ်တည်မှုကိုလက်ခံနိုင်စေရန် ''Divine Visionary'' ဆိုတဲ့နေရာကိုရဖို့ ဆုံးဖြတ်ခဲ့လေတယ်။အဲ့တာကြောင့်မလို့မှော်မရှိတဲ့ Mashတစ်ယောက် Easton မှော်ကျောင်းတော်ကို ပညာသင်ဖို့သွားရောက်ခဲ့ပါတယ်။ ''Divine Visionary'' ဖြစ်လာဖို့ ပထမဆုံး အဲ့ကျောင်းတော်မှာရှိတဲ့မှော်ကျောင်းတော်ကိုလာတက်တဲ့ စွမ်းအားကြီး အထက်တန်းစားတွေရဲ့ မျိုးဆက်သစ်ကလေးတွေနဲ့ ယှဥ်ပြိုင်ရမှာပါ။ဒါပေမဲ့ မှော်မရှိတဲ့ Mash မှာက သူ့အခက်အခဲတွေကိုကျော်ဖြတ်ဖို့ လက်သီးနဲ့ သူ့ခန္ဓာကိုယ်ကိုပဲ အားထားရမှာပါ။Mash တစ်ယောက် မှော်မရှိလည်း လက်သီးသုံးရုံနဲ့ မှော်ပညာကအရာရာကိုစိုးမိုးတဲ့ကမ္ဘာမှာရှင်သန်နိုင်ပါ့လား...ပြီးတော့ သူဖြစ်ချင်တဲ့ ''Divine Visionary'' ကောဖြစ်လာနိုင်ပါ့မလားဆိုတာကိုတော့...

Type: anime
Genre: Fantasy, Comedy,
Season: 1
Condition: Ongoing
Release: 2023-04-08
Rating: 7
Age Rating: 10
Presented By: Oni-chan Anime Myanmar

You May Also Like