ပြိုလဲလို့ရတယ် ဒါပေမဲ့အရူံးပေးလို့မရဘူး။ သူတို့ထက် နည်းနည်းလောက်သာတဲ့အခါ မင်းကိုမနာလိုဖြစ်ကြလိမ့်မယ်။ ဘဝကို တရားမျှတဖို့ ဘယ်တော့မှ မမျော်လင့်ပါနဲ့။ မင်းဖြစ်ချင်တဲ့သူဖြစ်လာဖို့ ဘယ်တော့မှနောက်ကျတယ်လို့မရှိပါဘူး မင်းလိုချင်တဲ့အောင်မြင်မူရဖို့ပြောရတာလွယ်ပေမဲ့ကြိုးစားရတာနတ်ပြည်ရောက်ဖို့ထက်ခက်ခဲတယ်။ ရိုးသားတဲ့အလုပ်လုပ်နေရင်တော့ အောင်မြင်မူမှာနှေးကွေးမှာပဲ။ ဝင်လိုရနေပါသေးပါသေးတယ်

Mob Psycho 100

Synopsis: Mob Psycho 100 Season3ကတော့ Mobတို့တသိုက် ကမ္ဘာကြီးကိုခြိမ်းခြောက်နေတဲ့ လုပ်ကြံမှုကြီးကို နှိမ်နင်းပြီးကြတဲ့နောက် Mobဖြစ်တဲ့ Shigeo Kageyamaက သူ့ရဲ့ဆရာ Arataka Reigen နှင့် ရုံးဝန်ထမ်းသစ်ဖြစ်လာတဲ့ Katsuya Serizawaတို့နဲ့အတူ ဖောက်သည်တွေရဲ့ အမှုဆန်းကြီးတွေကိုဖြေရှင်းကြရင်းနဲ့ Mobတစ်ယောက် စိတ်လွတ်လွတ်လပ်လပ်နဲ့ ပတ်ဝန်းကျင်ကလူတွေအပေါ် ပိုမိုကောင်းမွန်စွာ ပေါင်းသင်းဆက်ဆံနိုင်ဖို့ CrushလေးTsubomi-chanနဲ့အဆင့်တက်နိုင်ဖို့ကို အဓိကထားပြီးကြိုးစားလာပါတယ်၊ ဒါပေမဲ့လဲ သူ့အပေါ်ကျရောက်လာတဲ့ ဖြစ်ရပ်တွေကနေ စိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုတွေ အခက်အခဲတွေဖြစ်ပေါ်လာတဲ့အခါ သူ့ရဲ့ဖုံးကွယ်ထားတဲ့စွမ်းအားကိုဘယ်လိုထိန်းချုပ်ပြီး ဘယ်လိုကျော်ဖြတ်သွားမှာလဲ၊ ရှေ့လျှောက်လည်း ဆက်ပြီးထိန်းထားနိုင်ဦးပါ့မလားဆိုတာကို စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်၊ ဒီSeasonကအတိုလေးဆိုပေမဲ့ Mobနဲ့သူ့ညီကြားကစိတ်ရင်းအမှန်တွေ ကျောင်းကလူတွေအပါအဝင် Dimpleနဲ့Mobကြားက Friendship Mobကိုအသုံးလဲချသလို စောင့်လဲစောင့်ရှောက်ပေးထားတဲ့Master Reigenနဲ့ဆက်ဆံရေးအပြင် ငယ်သူငယ်ချင်းအဖြစ်ကနေအဆင့်တက်ဖို့ကြိုးစားလာတဲ့Mobနဲ့ Tsubomiတို့ကြားက Relationshipတွေကိုပါတွေ့ရမှာဖြစ်ပါတယ်၊ ဒီSeasonမှာက လူတွေရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကို အဓိက အသားပေးပြီးရိုက်ပြထားတာမလို့ တကယ့်ကို ကြည့်ရှုရတာအနှစ်သာရရှိတဲ့ဇာတ်လမ်းကောင်းလေးပါပဲ 12ပိုင်းထဲဖြစ်နေတာကလွဲရင်တော့ ဇာတ်လမ်းတစ်ခုလုံး စိတ်ကျေနပ်စရာတွေချည်းပဲမလို့ မသေခင်ကြည့်သွားကြဖို့ Recommendပေးပါတယ်

Type: anime
Season: 3
Condition: Finished
Release: 2022-10-06
Rating: 8
Age Rating: 13
Presented By: Ani Wizard

You May Also Like