သူတို့ထက် နည်းနည်းလောက်သာတဲ့အခါ မင်းကိုမနာလိုဖြစ်ကြလိမ့်မယ်။ ဝင်လိုရနေပါသေးပါသေးတယ် ရိုးသားတဲ့အလုပ်လုပ်နေရင်တော့ အောင်မြင်မူမှာနှေးကွေးမှာပဲ။ ပြိုလဲလို့ရတယ် ဒါပေမဲ့အရူံးပေးလို့မရဘူး။ ဘဝကို တရားမျှတဖို့ ဘယ်တော့မှ မမျော်လင့်ပါနဲ့။ မင်းလိုချင်တဲ့အောင်မြင်မူရဖို့ပြောရတာလွယ်ပေမဲ့ကြိုးစားရတာနတ်ပြည်ရောက်ဖို့ထက်ခက်ခဲတယ်။ မင်းဖြစ်ချင်တဲ့သူဖြစ်လာဖို့ ဘယ်တော့မှနောက်ကျတယ်လို့မရှိပါဘူး

Steins Gate Zero

လူထူးလူကြောင်တစ်ယောက်ဖြစ်တဲ့ Okabe Rintarou ဟာနဂိုသူ့ရဲ့အကျင့်စရိုက်တွေကိုစွန့်လွှတ်ပြီး လူသစ်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူ့ရဲ့သူငယ်ချင်း တစ်ယောက်ဖြစ်တဲ့ Makise Kurisu ကိုကယ်တင်ဖို့ကြိုးစားခဲ့ရာ ကျရှုံးခဲ့၍ စိတ်ဓာတ်‌‌ေတွကျ တုန်လှုပ်‌‌ေချာက်ချား‌ေနခဲ့ပြီး သူ့ရဲ့နဂို mad scientist ဆိုတဲ့ပုံစံကိုစွန့်လွှတ်ခဲ့ ပြီးသာမာန်ကောလိပ်ကျောင်းသား တစ်ယောက်အဖြစ်နဲ့ အသက်ရှင်နေထိုင်နေတယ်။သူအချိန်ခရီးသွားခဲ့တဲ့ အချိန်ခံစားခဲ့ရတဲ့ အဖြစ်အပျက် မျိုးစုံကိုနည်းနည်းလေးသာ သိရှိခဲ့ရတဲ့သူ့ရဲ့သူငယ်ချင်းတွေနဲ့ အတူနေထိုင်ရင်း Okabe ဟာ သူ့ရဲ့နေ့ရက်တွေကိုအချိန်ခရီးသွားနေတုန်းဖြစ်ပျက်ခဲ့တဲ့ ထိတ်လန့်တုန်လှုပ်စရာ အဖြစ်အပျက်တွေကို မေ့ပစ်ဖို့ ကြိုးစားရင်းကုန်ဆုံးခဲ့တယ်။ ကောလိပ်နည်းပညာဆိုင်ရာ ဆွေးနွေးပွဲမှာ ကြိုဆိုဧည့်ခံသူတစ်ဦး အဖြစ်လုပ်ကိုင်ရင်းနဲ့ Okabe ဟာ ပရော်ဖက်ဆာ Alexis Leskinen ရဲ့စီမံခန့်ခွဲသူတစ်ဦးဖြစ်တဲ့ အရပ်ပုပြီးဇွဲသတ္တိရှိလှတဲ့ ဆွေးနွေးတင်ပြပွဲမှာ ဘာသာပြန်အဖြစ်ဆောင်ရွက်မယ့် Maho Hiyajo နဲ့ တွေ့ဆုံခဲ့တယ်။ ကြက်သေသေ နေတဲ့ပရိတ်သတ်တွေရဲ့ အရှေ့မှာ Majo နဲ့ Alexis တို့က လူတစ်ယောက်ရဲ့မှတ်ဉာဏ်တွေ ကိုကူးယူနိုင်ပြီးတော့ အဲဒီလူရဲ့ အကျင့်စရိုက်၊ ပင်ကိုစွမ်းရည်တွေ နဲ့တစ်ထပ်တည်းကျတဲ့ ပုံစံတူသရုပ်သကန် simulation တစ်ခုကိုဖန်တီးနိုင်တဲ့ တော်လှန်ရေး AI တစ်ခုဖြစ်တဲ့ Amadeus ကို ပွဲထုတ်ပြလိုက်တယ်။ ဆွေးနွေးတင်ပြပွဲ ပြီးဆုံးပြီးနောက် Majo နဲ့ Alexis တို့နဲ့ တွေ့ဆုံကြတဲ့အခါ Okabe ကသူတို့နှစ်ယောက်ဟာ တက္ကသိုလ်တုန်းက Kurisu ရဲ့တက္ကသိုလ်တူသူငယ်ချင်းတွေ ဖြစ်ခဲ့ပြီး Amadeus မှာလည်း Kurisu ရဲ့ပုံစံတူ simulationကိုဖန်တီးခဲ့တယ်ဆိုတာကို သိရှိသွားခဲ့တယ်။ ပုံစံတူ simulation ရဲ့ အမူအကျင့်တွေကို လေ့လာဖို့အတွက် Alexis ဟာ Okabe ကိုသုတေသန အဖွဲ့ဝင်အဖြစ် ဝင်စေခဲ့ပြီးတော့ Okabe ဟာလည်း သူ့ရဲ့ဆုံးရှုံးခဲ့ရတဲ့ ရင်းနှီးချစ်ခင်ရတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ အတူတူတစ်ဖန်ပြန်လည် ပြောဆိုဆက်ဆံဖို့အခွင့်အရေးရလာခဲ့တယ်။အတိတ်မှာ အန္တရာယ်အခက်အခဲတွေနဲ့ ရှုပ်ထွေးခဲ့ရတဲ့ Okabe ဟာ ကြမ်းတမ်းလှတဲ့အမှန်တရားကို ရင်ဆိုင်ပြီးသဘာဝအချိန် စီးဆင်းမှုကိုနှောင့်ယှက်ခဲ့တဲ့ အကျိုးဆက်ကြောင့် ဖြစ်ပေါ်လာတဲ့ ကပ်ဆိုးတွေကို ဘယ်လိုဂရုတစ်စိုက် နဲ့အကွက်ကျကျ လှုပ်ရှားသွားမလဲဆိုတာကတော့....ဆက်လက်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျ။ Reviewed by Yato Presented by AKM Free(Min)

Type: anime
Genre: Sci-fi, Drama,
Season: 1
Condition: Finished
Release: 2018-09-27
Rating: 9
Age Rating: 13
Presented By: AKM PLUS

You May Also Like