မင်းလိုချင်တဲ့အောင်မြင်မူရဖို့ပြောရတာလွယ်ပေမဲ့ကြိုးစားရတာနတ်ပြည်ရောက်ဖို့ထက်ခက်ခဲတယ်။ ရိုးသားတဲ့အလုပ်လုပ်နေရင်တော့ အောင်မြင်မူမှာနှေးကွေးမှာပဲ။ မင်းဖြစ်ချင်တဲ့သူဖြစ်လာဖို့ ဘယ်တော့မှနောက်ကျတယ်လို့မရှိပါဘူး ပြိုလဲလို့ရတယ် ဒါပေမဲ့အရူံးပေးလို့မရဘူး။ ဘဝကို တရားမျှတဖို့ ဘယ်တော့မှ မမျော်လင့်ပါနဲ့။ ဝင်လိုရနေပါသေးပါသေးတယ် သူတို့ထက် နည်းနည်းလောက်သာတဲ့အခါ မင်းကိုမနာလိုဖြစ်ကြလိမ့်မယ်။

Tearmoon Teikoku Monogatari: Dantoudai kara Hajimaru, Hime no Tensei Gyakuten Story

Tearmoonအင်ပါယာကြီးရဲ့ အတ္တကြီးပြီး တစ်ကိုယ်ကောင်းဆန်တယ်လို့ အခေါ်ခံရတဲ့ မင်းသမီးလေး Mia ဟာ ပုန်ကန်ထကြွမှုမှာ ခေါင်းဖြတ်ကွပ်မျက်ခံလိုက်ရတယ် အဲ့ဒီနောက် သူသတိဝင်လာတော့ အသက် ၂‌‌၀အရွယ် လွန်ခဲ့တဲ့ ၈နှစ်ဆီ ပြန်ရောက်နေမှန်း သိလိုက်ရပါတယ် ... သူ့ရဲ့ သွေးစွန်းနေတဲ့ ဒိုင်ယာရီလေးနဲ့အတူပေါ့ ဘဝရဲ့ဒုတိယအခွင့်အရေးကို အသုံးချပြီး Mia ဟာ အမှားတွေကို ပြင်ဆင် ၊ အင်ပါယာကြီးကို ကယ်တင်ဖို့ကြိုးစားပါတယ် "အင်ပါယာကြီးရဲ့အနာဂတ်ကောင်းကျိုးအတွက်လား" "ငတ်မွတ်ခေါင်းပါး‌ဘေးကနေ ပြည်သူတွေကိုကယ်တင်ဖို့လား" "ပြည်တွင်းစစ်မှာ အသက်ဆုံးရှုံးရမယ့် စစ်သည်တွေအတွက်လား" လို့ မေးရင်... လုံးဝမဟုတ်ပါဘူး။ အရာအားလုံးထက် Mia ကို ကြောက်စေတာက အနာဂတ်မှာကြုံရမယ့် ခေါင်းဖြတ်စက်ကြီးပါပဲ ဒီလိုနဲ့ တစ်ကိုယ်ကောင်းဆန်ပြီး အသုံးမကျတဲ့ မင်းသမီးလေးMia တစ်ယောက် သူ့ကိုယ်သူကယ်တင်ဖို့ အပြင်းအထန်ရုန်းကန်ရင်း အံ့ဩစရာတွေ တစ်ခုပြီးတစ်ခု ဖြစ်လာပါတော့တယ်

Type: anime
Genre: Comedy, Fantasy,
Season: 1
Condition: Ongoing
Release: 2023-10-07
Rating: 7
Age Rating: 13
Presented By: Yuki Fansubs Team

You May Also Like