ဘဝကို တရားမျှတဖို့ ဘယ်တော့မှ မမျော်လင့်ပါနဲ့။ ဝင်လိုရနေပါသေးပါသေးတယ် ရိုးသားတဲ့အလုပ်လုပ်နေရင်တော့ အောင်မြင်မူမှာနှေးကွေးမှာပဲ။ သူတို့ထက် နည်းနည်းလောက်သာတဲ့အခါ မင်းကိုမနာလိုဖြစ်ကြလိမ့်မယ်။ မင်းလိုချင်တဲ့အောင်မြင်မူရဖို့ပြောရတာလွယ်ပေမဲ့ကြိုးစားရတာနတ်ပြည်ရောက်ဖို့ထက်ခက်ခဲတယ်။ မင်းဖြစ်ချင်တဲ့သူဖြစ်လာဖို့ ဘယ်တော့မှနောက်ကျတယ်လို့မရှိပါဘူး ပြိုလဲလို့ရတယ် ဒါပေမဲ့အရူံးပေးလို့မရဘူး။

Monogatari 2nd

ဒီseriesဟာ ထွက်ထားသမျှ Monogatari series တွေထဲမှာမှ Ratings အများဆုံးရထားတဲ့ series တစ်ခုပဲဖြစ်ပါတယ် ဒီseriesကို Kizumonogatari Nekomonogatari:Kuro(Black),Bakemonogatari,Nisemonogatari ဒါတွေကြည့်ပြီးပြီဆိုရင် ဆက်ကြည့်လို့ရပါပြီ၊၊ မဟုတ်လဲ Kizu/Bake monogatariတို့ပဲကြည့်ထားတယ်ဆိုလဲ ရပါတယ်၊၊(အနည်းဆုံးဒီနှစ်ခုကိုတော့ကြည့်ဖို့လိုပါတယ်) #ထုံးစံအတိုင်းArcတွေခွဲထားပါတယ် Nekomonogatari:Shiro(White)(Ep1-5)ငါးပိုင်း Kabukimonogatari(Ep6-9)လေးပိုင်း Otorimonogatari(Ep10-13)လေးပိုင်း Onimonogatari(14-17)လေးပိုင်း Koimonogatari(18-23)ခြောက်ပိုင်း ဆိုပြီးခွဲထားပါတယ် ပထမဆုံးလာတဲ့ Nekomonogatari:Shiro(White) - Tsubasa Tiger - ကတော့ ရှေ့က Series တစ်ခုမှာကြောင်နဲ့တိုင်ပတ်တဲ့ Hanekawa Tsubasa တစ်ယောက် အခုတစ်ခါ "ကျား"နဲ့တွေ့ပြန်ပါတယ်၊၊ကျားနဲ့တွေ့ပြီးနောက် သူမနေဖူးတဲ့နေရာတွေဟာမီးလောင်ကုန်ပါတယ်၊၊ ထို့အပြင်MCဖြစ်တဲ့ Araragi​Koyomi ကလည်း သူ့ကိစ္စနဲ့သူတိုင်ပတ်နေလို့အစပိုင်းဝင်မကူဖြစ်ပါဘူး၊၊အဲ့လိုနဲ့ Hanekawa ဟာ သူမတစ်ယောက်ထဲ​ဘယ်လိုဖြေရှင်းမလဲ ဆိုတာကို ဒီအပိုင်း၅ပိုင်းမှာကြည့်ရမှာဖြစ်ပါတယ်၊၊ နောက်Arcတစ်ခုဖြစ်တဲ့ Kabukimonogatari - Mayoi Jiangshi - မှာတော့ Araragiကရှေ့အပိုင်းတွေမှာမတွေ့ရတဲ့အကြောင်းရင်းဖြစ်တဲ့ကိစ္စတစ်ခုကိုလိုက်လုပ်နေရင်း ပေးထားတဲ့အိမ်စာတွေလုပ်ဖို့အချိန်မမှီဖြစ်သွားပါတော့တယ်၊၊ အဲ့တာနဲ့သူ့ Vampireမလေး Oshino Shinobu ကို ရှေ့တစ်ရက်ကိုပြန်သွားဖို့အချိန်နောက်ပြန်ရစ်ခိုင်းပါတယ်၊ မ​တတ်နိုင်လို့ Shinobuကလဲ ရတဲ့နည်းနဲ့အချိန်နောက်ပြန်ရစ်ပေးလိုက်တာ၊ရှေ့တစ်ရက်ကိုရောက်မသွားပဲ လွန်ခဲ့တဲ့ ၁၁နှစ်ကိုပြန်ရောက်သွားပါလေရော.... အဲ့လိုနဲ့နှစ်ယောက်သားဘယ်လိုအရင်ချိန်ကိုပြန်သွားကြမလဲ၊ဘာအကြောင်းကြောင့်အချိန်က ၁၁နှစ်အကြာကို ပြန်ရောက်သွားတာလဲဆိုတာ...ဒီ၄ပိုင်းမှာစိတ်လှုပ်ရှားဖွယ်စောင့်ကြည့်​ရ​မှာပါ၊၊ ပြီးရင်တော့ Otorimonogatari​ -​Nadeko Medusa - လာပါပြီ၊၊ဒါကတော့ Sengoku Nadekoရဲ့arcပါ Bakemonogatariမှာ မြွေKaiiနဲ့ဒုက္ခရောက်နေတဲ့ Nadeko ကို Araragi​ ကကူညီပြီးနောက်၊Nedekoကိုနောက်မြွေတစ်ကောင်ကအကူညီတောင်းခဲ့ပါတယ်၊၊ဒါကိုလက်ခံလိုက်တဲ့Nadekoကဘာကူညီပေးရမှာလဲ၊ Araragi ကိုကြိုတ်ခရက်နေတဲ့ Nadeko တစ်ယောက် သူကောင်မလေးရသွားတာသိတော့ ဘယ်လိုဖြစ်သွားမလဲ၊ အေးအေးလေးနဲ့ချစ်ဖို့ကောင်းတဲ့ Nadekoလေးက အဲ့မြွေနဲ့ဘယ်လိုမျိုးပြောင်းလဲသွားမလဲ ဆိုတာကိုစောင့်ကြည့်ရမှာပါ(ဒီarcနည်းနည်းdarkပါတယ်)ဒီမှာဇာတ်လမ်းကတစ်ဝတ်တစ်ပြတ်ဖြစ်သွားပေမဲ့ Otorimonogatari​အနေနဲ့ဒီမှာအဆုံးသတ်ပြီး နောက်arcတစ်ခုမှာဆက်ပါမယ်၊၊ ထပ်လာမယ့် Arcကတော့ Onimonogatari​ -​ Shinobu Time - ဖြစ်ပါတယ်၊၊ ဒီarcမှာတော့ Araragiနဲ့Hachikujiတို့ဆီ ရှုတ်တရက် Black Hole ကြီးတစ်ခုပေါ်လာပြီး Araragi တို့နောက်ကိုလိုက်လာပါတော့တယ်၊၊ဒါကြီးကဘာကြောင့်ပေါ်လာတာလဲ၊ဘယ်လိုလွတ်အောင်လုပ်ကြမလဲဆိုတာကြည့်ရမှာဖြစ်ပါတယ် ကြားထဲ - Kiss shot Acerolaorion Heart under blade(Shinobu) ရဲ့အတိတ်အကြောင်းအနည်းငယ်သိရဦးမှာလဲဖြစ်ပါတယ်၊၊ နောက်ဆုံးတစ်ခုကတော့ Koimonogatari​ - Hitagi End - ပဲဖြစ်ပါတယ် ဒါက Otorimonogatari ရဲ့အဆက်ပါ အဲ့ကကိစ္စကြီးကို ဖြေရှင်းဖို့ Senjougahara Hitagi တစ်ယောက် နောက်ဆုံးအားကိုးရာ Kaiki Deishu ကိုအကူညီတောင်းရပါတော့တယ်၊၊အဲ့တာနဲ့ Kaiki ကဒီကိစ္စကိုဘယ်လိုဖြေရှင်းပေးမလဲဆိုတာကြည့်ရမှာပါ၊၊သူကတော့ ၆ပိုင်းပါဝင်ပါတယ်၊၊ ဒီလိုနဲ့ပဲ စုစုပေါင်း ၂၃ပိုင်းပါဝင်တဲ့ Monogatari​ series second​season ဟာဒီမှာပဲအဆုံးသတ်ခဲ့ပါတယ်၊၊ ဒါတွေအကုန်လုံးကို Anime King Mmကတစ်ပတ်တစ်ပိုင်းစီ တင်ဆက်ပေးမှာမို့ စောင့်မျှော်​အားပေးလို့ရပါတယ် တကယ်ကောင်းတဲ့ Seriesတစ်ခုဖြစ်တာမို့ အကောင်းဆုံးကြိုးစားလုပ်ပေးထားပါတယ်၊၊အမှားပါရင်လဲဝေဖန်ထောက်ပြနိုင်ပါတယ်၊၊ Translation KuroKuro(AKM),Vader(LoL)&Aries(LoL) Encoding Min & Rivn

Type: anime
Season: 2
Condition: Finished
Release: 2013-12-29
Rating: 9
Age Rating: 17
Presented By: AKM PLUS

You May Also Like