မင်းဖြစ်ချင်တဲ့သူဖြစ်လာဖို့ ဘယ်တော့မှနောက်ကျတယ်လို့မရှိပါဘူး ဘဝကို တရားမျှတဖို့ ဘယ်တော့မှ မမျော်လင့်ပါနဲ့။ ပြိုလဲလို့ရတယ် ဒါပေမဲ့အရူံးပေးလို့မရဘူး။ ရိုးသားတဲ့အလုပ်လုပ်နေရင်တော့ အောင်မြင်မူမှာနှေးကွေးမှာပဲ။ သူတို့ထက် နည်းနည်းလောက်သာတဲ့အခါ မင်းကိုမနာလိုဖြစ်ကြလိမ့်မယ်။ မင်းလိုချင်တဲ့အောင်မြင်မူရဖို့ပြောရတာလွယ်ပေမဲ့ကြိုးစားရတာနတ်ပြည်ရောက်ဖို့ထက်ခက်ခဲတယ်။ ဝင်လိုရနေပါသေးပါသေးတယ်

Suki na Ko ga Megane wo Wasureta (The Girl I Like Forgot Her Glasses)

Synopsis: Kaede Komura ဆိုတဲ့ကောင်လေးဟာ သူ့ရဲ့အတန်းဖော်ဖြစ်တဲ့ Ai Mie ဆိုတဲ့ ချစ်စရာကောင်မလေးကို စိတ်ဝင်စားနေမိပါတယ်။ အဲ့ကောင်မလေးက သူမရဲ့ မျက်မှန်အောက်က မျက်လုံးလှလှလေးတွေနဲ့ သူ့ကို ကြည့်လာဖို့ကတော့ Kaede ရဲ့ ဆန္ဒပါပဲ။ ဒီလိုနဲ့ ရက်အနည်းငယ်အကြာမှာ Kaede ဟာ Ai နဲ့ပတ်သတ်ပြီး တစ်စုံတစ်ခုကို သတိထားမိသွားပါတယ်။ အဲ့တာကတော့ မျက်မှန်မရှိလို့ မျက်လုံးတွေကို မှေးကျဥ်းပြီး ကြည့်နေရတဲ့ Ai ဟာ အရမ်းချစ်စရာကောင်းနေတုန်းပဲ ဆိုတာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ မတော်တဆမျက်မှန်ပျောက်ဆုံးသွားပြီး ဒုက္ခရောက်နေတဲ့ Ai ကို Kaede က ကူညီပေးဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ Ai ရဲ့မှီခိုအားထားမှုကို ခံလာရတဲ့ Kaede ဟာ သူမအပေါ်ကို ခံစားချက်တွေ ပိုမိုကြီးထွားလာပါတော့တယ်။ ထိုနည်းတူစွာပဲအဝေးမှုန်နေတဲ့ Ai အတွက်တော့ Kaede ဟာ တဖြည်းဖြည်းနဲ့ သူမ အမြဲမြင်တွေ့ချင်တဲ့ လူတစ်ယောက်ဖြစ်လာပါတော့တယ်။

Type: anime
Genre: Comedy, Romance,
Season: 1
Condition: Ongoing
Release: 2023-07-04
Rating: 8
Age Rating: 13
Presented By: Ani Wizard

You May Also Like