ဝင်လိုရနေပါသေးပါသေးတယ် ပြိုလဲလို့ရတယ် ဒါပေမဲ့အရူံးပေးလို့မရဘူး။ မင်းလိုချင်တဲ့အောင်မြင်မူရဖို့ပြောရတာလွယ်ပေမဲ့ကြိုးစားရတာနတ်ပြည်ရောက်ဖို့ထက်ခက်ခဲတယ်။ ဘဝကို တရားမျှတဖို့ ဘယ်တော့မှ မမျော်လင့်ပါနဲ့။ ရိုးသားတဲ့အလုပ်လုပ်နေရင်တော့ အောင်မြင်မူမှာနှေးကွေးမှာပဲ။ သူတို့ထက် နည်းနည်းလောက်သာတဲ့အခါ မင်းကိုမနာလိုဖြစ်ကြလိမ့်မယ်။ မင်းဖြစ်ချင်တဲ့သူဖြစ်လာဖို့ ဘယ်တော့မှနောက်ကျတယ်လို့မရှိပါဘူး

Air(2005)

လွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာကကောင်းကင်တစ်ခွင်ပျံသန်းခရီးထွက်ခဲ့တယ် ဆိုတဲ့ "Winged Maiden"ကိုလိုက်ရှာဖို့ တစ်ကိုယ်တော်စွန်းစားခန်းခရီးထွက်နေ ခဲ့တဲ့ လူငယ်လေးYukito Kunisaki။သူလိုက်ရှာနေတဲ့အရာကလဲ သူငယ်ငယ်က နားထောင်ခဲ့ရတဲ့ ဒဏ္ဍာရီလာပုံပြင်တစ်ပုဒ်ထဲကအရာတစ်ခုဖြစ်နေတယ်။ ဒါပေမယ့်Yukitoတစ်ယောက်ကတော့လက်မလျှော့ခဲ့ဘူး။တစ်ကိုယ်တော်ခရီး ထွက်ရင်း ရောက်တဲ့မြို့မှာ သူတတ်ကျွမ်းတဲ့ ရုပ်သေးရုပ်ပြပွဲလေးလုပ် ဝင်ငွေရှာ ပြီးရင်ခရီးဆက် ဒီလိုနဲ့ဘဲသူ့ဘဝကို ဆက်လျှောက်နေခဲ့တယ်။တစ်နေ့ ပင်လယ် ကမ်းစပ်နားကမြို့သေးလေးတစ်ခုအရောက်မှာ ထုံးစံအတိုင်း ရုပ်သေးပြပွဲလေးလုပ် ဝင်ငွေရှာရင်း မထင်မှတ်ဘဲမြို့လေးမှာကြာကြာနေမိခဲ့တယ်။တစ်နေ့မှာတော့ ထူးဆန်းတဲ့ကောင်မလေးတစ်ယောက်ကYukitoကိုသူနဲ့အတူနေဖို့ ခေါ်ခဲ့တယ်။ Yukitoလဲ ထူးဆန်းတဲ့ကောင်မလေးMisuzuနဲ့အတူ မြို့လေးမှာနေရင်း ခရီးဆက် မထွက်ဖြစ်တော့ဘူး။အနေကြာလာတဲ့အခါ မြို့သူမြို့သားတွေနဲ့ရင်းနှီးလာပြီး စွန့်စားခန်းတွေမထွက်ဘဲ တည်ငြိမ်တဲ့ဘဝအရသာကိုသူနားလည်လာတယ်။ မြို့လေးကနယ်ခံတွေနဲ့ ပြောဆိုဆက်ဆံရယ်မောရင်း၊ပြဿနာလေးတွကိုကူညီ ပေးရင်းနဲ့ဘဲ သူ့ရဲ့နေ့စဉ်ဘဝကိုဖြတ်သန်းခဲ့တယ်။သူရဲ့ "Winged Maiden"ကို လိုက်ရှာတဲ့စွန့်စားခန်းခရီးကိုလဲ မေ့ပစ်လိုက်တယ်။Misuzuနဲ့လဲတဖြည်းဖြည်း တွယ်တာလာခဲ့တယ်။သိုပေမယ့် ဘဝတစ်ခုလုံးလိုက်ရှာလာခဲ့တဲ့ သူစွန့်စားခန်းကို လဲသူမစွန့်လွှတ်နိုင်ဖြစ်နေခဲ့တယ်။Yukitoတစ်ယောက် Misuzuနဲ့အတူဘဲနေမ မလား သူ့ရဲ့စွန့်စားခန်းကိုဘဲဆက်ထွက်မလားဆိုတာကို ဘယ်လိုဆုံးဖြတ်မှာလဲ ဆိုတာကေတာ့…

Type: anime
Season:
Condition: Finished
Release: 2005-03-25
Rating: 7
Age Rating: 13
Presented By: AKM PLUS

You May Also Like