မင်းဖြစ်ချင်တဲ့သူဖြစ်လာဖို့ ဘယ်တော့မှနောက်ကျတယ်လို့မရှိပါဘူး ဝင်လိုရနေပါသေးပါသေးတယ် သူတို့ထက် နည်းနည်းလောက်သာတဲ့အခါ မင်းကိုမနာလိုဖြစ်ကြလိမ့်မယ်။ မင်းလိုချင်တဲ့အောင်မြင်မူရဖို့ပြောရတာလွယ်ပေမဲ့ကြိုးစားရတာနတ်ပြည်ရောက်ဖို့ထက်ခက်ခဲတယ်။ ဘဝကို တရားမျှတဖို့ ဘယ်တော့မှ မမျော်လင့်ပါနဲ့။ ရိုးသားတဲ့အလုပ်လုပ်နေရင်တော့ အောင်မြင်မူမှာနှေးကွေးမှာပဲ။ ပြိုလဲလို့ရတယ် ဒါပေမဲ့အရူံးပေးလို့မရဘူး။

My Hero Academia: World Heroes' Mission

ကမ္ဘာ့လူဦးရေ ၈၀ရာခိုင်နှုန်းဟာ quirk(သဘာဝလွန်)အစွမ်းတွေကို ဆန်းကျယ်စွာရရှိလာပြီး သာမန်လူတွေဆိုတာရှားပါးလာခဲ့ပါတယ်။ အကောင်းအဆိုးဒွန်တွဲနေတဲ့ လောကကြီးရဲ့နိယာမနဲ့အညီ အစွမ်းရရှိလာသူတွေမှာလည်း ကောင်းကျိုးအတွက် ဆောင်ရွက်တဲ့ (hero) တွေရှိသလို ဆိုးကျိုးကိုဆောင်ရွက်တဲ့ (villian )တွေလည်းရှိပါတယ်။ ဒီလိုမျိုး ကွဲကွဲပြားပြားဖြစ်တဲ့လူတွေထက်ကို မကွဲမပြားဖြစ်နေတဲ့လူတွေကပိုကြောက်ဖိုကောင်းတာအမှန်ပါ။ (နှစ်ဖက်ဓားသွားတစ်ခုလိုပေါ့၊) အခုဒီဇတ်ကားလေးမှာတော့ MHAရဲ့အဓိကဇတ်ကောင်ဖြစ်တဲ့Midoriya Izuku ဟာ ရရာတာဝန်တွေကို ထမ်းဆာင်ရင်း လူသားတွေကိုကူညီနေခဲ့ပါတယ်။တစ်နေ့တော့ Human Riseဆိုတဲ့အဖြူအနက်မသဲကွဲတဲ့ အဖွဲစည်းတစ်ခုပေါ်ပေါက်လာပါတော့တယ်။ အဲဒီ့အဖွဲရဲ့ရည်ရွယ်ချက်ကတော့ သာမန်လူသားတွေပဲရှိတဲ့ကမ္ဘာကြီးတစ်ခုကိုအကောင်ထည်ဖော်ဖိုပဲဖြစ်ပါတယ်။ ရည်ရွယ်ချက်ကကောင်းမွန်နေခဲ့ပေမယ့် နည်းလမ်းတွေက တရားမျှတမှုမရှိတဲ့အခါ Heroတွေအတွက်တားဆီးဖိုတာဝန်ကြုံကြိုက်လာပါတော့တယ်။ ကမ္ဘာ့လူဦးရေ ၈၀ရာခိုင်နှုန်း(quirkရှိတဲ့လူတိုင်းကို)သေကြေစေနိုင်တဲ့ bombတွေကို ကမ္ဘာမြိုတော်အနှံပြားမှာ တပ်ဆင်ထားခဲ့ပါတယ်။ အဲ့တာတွေကို Heroတွေကပဲအချိန်မှီတားဆီးနိုင်မလား? Human Rise အဖွဲရဲ့ရည်ရွယ်ချက်ကပဲအကောင်ထည်ဖော်ဆောင်နိုင်သွားမလားဆိုတာကိုတော့စိတ် လှုပ်ရှားစွာကြည့်ရှုရမှာဖြစ်ပါတယ်....

Type: movie
Genre: Action, Fantasy,
Season: 1
Condition: Finished
Release: 2021-08-06
Rating: 8
Age Rating: 13
Presented By: Old School Anime MM
Download:

You May Also Like