ရိုးသားတဲ့အလုပ်လုပ်နေရင်တော့ အောင်မြင်မူမှာနှေးကွေးမှာပဲ။ မင်းလိုချင်တဲ့အောင်မြင်မူရဖို့ပြောရတာလွယ်ပေမဲ့ကြိုးစားရတာနတ်ပြည်ရောက်ဖို့ထက်ခက်ခဲတယ်။ ပြိုလဲလို့ရတယ် ဒါပေမဲ့အရူံးပေးလို့မရဘူး။ သူတို့ထက် နည်းနည်းလောက်သာတဲ့အခါ မင်းကိုမနာလိုဖြစ်ကြလိမ့်မယ်။ မင်းဖြစ်ချင်တဲ့သူဖြစ်လာဖို့ ဘယ်တော့မှနောက်ကျတယ်လို့မရှိပါဘူး ဝင်လိုရနေပါသေးပါသေးတယ် ဘဝကို တရားမျှတဖို့ ဘယ်တော့မှ မမျော်လင့်ပါနဲ့။

Bungaku Shoujo ( Book girl )

Review.....ကိုယ့်ရဲ့ဘေးနားမှာအမြဲရှိနေပေးပြေီး မေတ္တာစစ်မေတ္တာမှန်နဲ့ချစ်မြတ်နိုးပေးနေတဲ့သူတွေကို ကျွန်တော်တို့မမြင်တတ်ကြတာသဘာဝပါပဲ..🍃 အဲ့ဒီလိုပဲဒီဇာတ်လမ်းလေးထဲက Inoue Konoha ဆိုတဲ့ကောင်လေးဟာလည်း စာပေကလပ်မှာအလုပ်လုပ်နေရင်းသူ့ဘေးနားမှာရှိနေပေးသူတစ်ယောက်ကိုမမြင်ခဲ့ပါဘူး...🍁 သူမနဲ့တံတိုင်းမွှေးသစ်ပင်လေးအောက်မှာစတွေ့ခဲ့တာ နှစ်နှစ်တောင်ကျော်ခဲ့ပြီပဲ🌧️ တစ်နေ့မှာတော့ သူတို့ကလပ်ရဲ့စာတိုက်ပုံလေးထဲကိုပဟေဠိတန်တဲ့စာလေးတစ်စောင်ရောက်ရှိလာခဲ့ပါတယ်💌 အဲ့စာလေးတစ်စောင်ကြောင့် Konoha ရဲ့အတိတ်ကအကြောင်းအရာတွေဘယ်လိုပေါ်ပေါက်လာမလဲ?✨ သူကရောသူ့ဘေးနားမှာအမြဲရှိနေပေးတဲ့သူမကို အဆုံးမှာမြင်တွေ့နိုင်ပါ့မလားဆိုတာကို မြှုပ်ကွက်လေးတွေအများကြီးနဲ့စိတ်ဝင်တစားကြည့်ရှုရမယ့် Drama ဇာတ်ကားကောင်းလေးတစ်ကားပါ💞ဇာတ်လမ်းထဲကကဗျာလေးတွေ Miyazawa Kenji ရဲ့ဇာတ်ကြောင်းလေးတွေကလည်းစိတ်ဝင်စားဖို့ကောင်းပြီး ကြည့်တတ်သူတွေအဖို့စိတ်ဓာတ်ခွန်အားရရှိစေမယ့်စာသားလေးတွေလည်းပါဝင်ပါတယ်💪💛 ❣️👉နောက်ဆုံးမိနစ်အထိကြည့်စေချင်ပါတယ် စာတန်းထိုးပြီပဲဆိုပြီးမရပ်လိုက်ပါနဲ့ ပြန်လည်တွေ့ဆုံခြင်းတွေဟာ အဆုံးသတ်မှာပေါ်ပေါက်လာတတ်ပါတယ်👈❣️

Type: movie
Genre: Drama, Mystery,
Season: 1
Condition: Finished
Release: 2010-05-01
Rating: 7
Age Rating: 13
Presented By: Anime Project Myanmar
Download:

You May Also Like