ဝင်လိုရနေပါသေးပါသေးတယ် ဘဝကို တရားမျှတဖို့ ဘယ်တော့မှ မမျော်လင့်ပါနဲ့။ ရိုးသားတဲ့အလုပ်လုပ်နေရင်တော့ အောင်မြင်မူမှာနှေးကွေးမှာပဲ။ မင်းလိုချင်တဲ့အောင်မြင်မူရဖို့ပြောရတာလွယ်ပေမဲ့ကြိုးစားရတာနတ်ပြည်ရောက်ဖို့ထက်ခက်ခဲတယ်။ မင်းဖြစ်ချင်တဲ့သူဖြစ်လာဖို့ ဘယ်တော့မှနောက်ကျတယ်လို့မရှိပါဘူး ပြိုလဲလို့ရတယ် ဒါပေမဲ့အရူံးပေးလို့မရဘူး။ သူတို့ထက် နည်းနည်းလောက်သာတဲ့အခါ မင်းကိုမနာလိုဖြစ်ကြလိမ့်မယ်။

Bubble

...တစ်နေ့မှာ Tokyo မြို့ကြီး‌ ပေါ်ကို ဘယ်ကရောက်လာမှန်းမသိတဲ့ပူဖောင်းတွေ မြောက်များစွာရွာချလာပြီး နေအိမ်အဆောက်အဦးတွေအကုန်ပျက်စီး၊ လူတွေသေကြေကုန်ကြပါတယ် ။...အဲ့လိုပူဖောင်းတွေရွာကျပြီးတဲ့နောက်မှာတော့ Tokyo ဟာ ဧရာမပူဖောင်းကြီးထဲရောက်သွားပြီး အစိုးရကနေ လူတွေနေထိုင်ဖို့ကိုတားမြစ်လိုက်တဲ့ အစွန့်ပစ်ခံနေရာတစ်ခုဖြစ်သွားပါတော့တယ်။... ...ဘယ်လိုပဲအစိုးရက တားမြစ်အမိန့်တွေထုတ်နေပါစေ ‌ကိုယ့်မြို့ကိုမခွဲခွာနိုင်ကြတဲ့သူတွေကတော့ Tokyo မြို့ထဲကိုခိုးဝင်နေထိုင်ကြပြီး ပျက်စီးနေတဲ့အဆောက်အဦးတွေကြား ၊ ပူဖောင်းတွေကနေ ရေအဖြစ်ပြောင်းလဲပြီး တစ်မြို့လုံး ပင်လယ်ကြီးလိုဖြစ်နေတဲ့ကြား၊ လေထဲလွင့်နေတဲ့ ပူဖောင်းတွေ၊ အပျက်အစီးတွေရဲ့ကြားမှာ Parkour လို့ခေါ်တဲ့အားကစားပြိုင်ပွဲတစ်မျိုးကို ခုံမင်စွာပြုလုပ်နေကြလေရဲ့။....အဲ့ပြိုင်ပွဲမှာ တစ်သင်းကိုငါးယောက်ပါတဲ့ အသင်းနှစ်‌သင်းဟာ သူတို့ပိုင်ဆိုင်တဲ့ရိက္ခာတွေကိုလောင်းကြေးထပ်ပြီး တစ်ဖက်အသင်းရဲ့အလံကို အတားအဆီးတွေကိုကျော်ဖြတ်ပြီး အရယူနိုင်ရင် အနိုင်ရပြီး တစ်ဖက်အသင်းရဲ့လောင်းကြေးထပ်ထားတဲ့ရိက္ခာတွေအကုန်ရမှာပါ။... .....အဲ့အားကစားမှာ ဆရာကျတဲ့ ကောင်လေး Hibiki..။ သူဟာ တစ်ခြားသူတွေမကြားရတဲ့သီချင်းသံလေးတစ်ခုကိုအမြဲကြားနေရတဲ့သူတစ်ယောက်ပါ။ ကိုယ်တိုင်ကလည်း ဆူညံတဲ့နေရာမျိုးကိုမုန်းတဲ့ Hibiki..အဲ့ဒီပဟေဠိဆန်တဲ့သီချင်းသံလေးကိုနားထောင်ရင်း၊ တစ်နေ့ သီချင်းသံလာရာ တာဝါတိုင်အပေါ် တက်သွားရင်း အသွားမတော်တစ်လှမ်းဆိုသလို ပင်လယ်ထဲပြုတ်ကျသွားပါတယ်။ အဲ့လိုပြုတ်ကျသွားတဲ့အခါ သူ့ဆီကို ကောင်မလေးတစ်ယောက် ရေကူးခတ်လာတာကိုတွေ့လိုက်ရပြီး..... ဘာတွေဆက်ဖြစ်မှာလဲဆိုတာကိုတော့ AOT season 1 to 3 ရဲ့ Studio ဖြစ်တဲ့ Wit studio ရဲ့အင်မတန်လှပတဲ့ Animation ၊ Yuki တို့ရဲ့ translation တွေနဲ့အတူ ကြည့်ရှူခံစားလိုက်ပါ...။ ==================== Subtitle Translation - Azure /// Op & Ed songs translation - Karapo /// Op & Ed timing and kara effect, Fx , Encode - Zen

Type: movie
Genre: Action, Sci-fi,
Season: 1
Condition: Finished
Release: 2022-04-28
Rating: 7
Age Rating: 13
Presented By: Yuki Fansubs Team
Download:

You May Also Like