သူတို့ထက် နည်းနည်းလောက်သာတဲ့အခါ မင်းကိုမနာလိုဖြစ်ကြလိမ့်မယ်။ မင်းလိုချင်တဲ့အောင်မြင်မူရဖို့ပြောရတာလွယ်ပေမဲ့ကြိုးစားရတာနတ်ပြည်ရောက်ဖို့ထက်ခက်ခဲတယ်။ ဝင်လိုရနေပါသေးပါသေးတယ် မင်းဖြစ်ချင်တဲ့သူဖြစ်လာဖို့ ဘယ်တော့မှနောက်ကျတယ်လို့မရှိပါဘူး ရိုးသားတဲ့အလုပ်လုပ်နေရင်တော့ အောင်မြင်မူမှာနှေးကွေးမှာပဲ။ ဘဝကို တရားမျှတဖို့ ဘယ်တော့မှ မမျော်လင့်ပါနဲ့။ ပြိုလဲလို့ရတယ် ဒါပေမဲ့အရူံးပေးလို့မရဘူး။
thumb

Shanks သို့မဟုတ် ကမ္ဘာကြီးကိုညီမျှအောင်ထိန်းသိန်းထားသူ

Yo...!

Leviပါဗျ

ကျွန်တော်ဒီနေ့တော့ One Piece Series အတွင်းမှာ Shanksရဲ့အရေးပါပုံကိုပြောပြပေးသွားမှာဖြစ်ပါတယ်။


Shanks ဆိုတာက One Piece Series ရဲ့ အရေးအပါဆုံး Character တွေထဲကတစ်ယောက်ဖြစ်ပြီးတော့ Mysterious အဖြစ်ဆုံး Character တွေထဲမှာလဲပါဝင်ပါတယ်။ One Piece Series အတွင်းမှာ Rocks D Xebec, Joy Boy,Imu, Monkey D Dragon, Shanks အစရှိသဖြင့် Mysterious Character တွေအများကြီးရှိတဲ့ထဲကမှ Shanks က လူကြိုက်အများဆုံးနဲ့ လူစိတ်ဝင်စားမှု အခံရဆုံးဖြစ်ပါတယ်။ ဒါ့အပြင် စောက်မြင်ကပ်တဲ့လူတွေလဲပေါပါသေးတယ်။


Shanks က Seriesအစကတည်းက One Piece ရဲ့ အရေးပါတဲ့ Character အဖြစ် ရှိနေတယ်ဆိုပေမယ့် Screen Timeက Otamaလောက်တောင် မရှိပါဘူး။ Odaက Shanks ကိုထည့်မဆွဲဘူးဆိုလဲမဆွဲဘူး ဆွဲပြီဟေ့ဆိုရင်လဲ လုံးဝကို Suprise အကြီးစားတိုက်တော့တာပါပဲ။


Shanks ရဲ့ အစွမ်းအစပိစိလေးကို တော့ Whitebeard ရဲ့ Moby Dickပေါ်ကိုစတက်တဲ့နေရာမှာ‌‌တွေ့ခဲ့ရပါတယ်။အဲ့နောက်တော့ Marine Ford Warကိုလာနေတဲ့ Kaido နဲ့ Kingကို လမ်းကနေဖြတ်တားခဲ့တယ်ပေါ့နော်။ Shanks က King နဲ့ Kaidoကို ဘာလို့တားခဲ့တာလဲဆိုတာစဉ်းစားစရာပါပဲ။ ‌လူတော်တော်များများထင်တာကတော့ Kaidoက Whitebeard ကိုလာတိုက်ခိုက်တဲ့အတွက်ကြောင့် Shanks က Whitebeard ကိုကူညီတဲ့သဘောအနေနဲ့တားခဲ့တာပေ့ါဗျာ။


တကယ်က အဲ့လိုမဖြစ်နိုင်ပါဘူး။ Kaido အနေနဲ့ Whitebeard ကိုတိုက်ခိုက်ချင်ရင် Whitebeard တို့ရှိတဲ့နေရာကိုစုံစမ်းပြီး သူ့ရဲ့ Crew အုပ်လိုက်ကြီးနဲ့ လာစိန်ခေါ်လို့ရပါတယ်။ Marine Ford Warမှာဆိုရင် Whitebeard က သူ့ရဲ့ Crewတစ်ခုတည်းတင်မကပဲ သူ့ရဲ့ Grandfleet တပ်ကြီးပါရှိနေတာပါ။ Kaido ဖက်မှာပါလာတာက Kingတစ်ယောက်တည်းပါ။ ဘယ်လိုမှကို Whitebeard Crewတစ်ခုလုံးယှဉ်ချဖို့မလွယ်ပါဘူး။


Kaido ကအားလုံးသိတဲ့အတိုင်းသူ့ကိုအနိုင်ယူနိုင်မယ့် Joy Boy ကိုစောင့်နေတဲ့လူပါ။ Aceက Roger ရဲ့သားဖြစ်တဲ့အတွက်ကြောင့် သူ့အနေနဲ့ Aceကို Joy Boyလို့ အထင်မှားမယ်ဆိုလဲမှားချင်စရာပါပဲ။ ဒါကြောင့်မို့ Kaido ရဲ့ ရည်ရွယ်ချက်က Aceကိုကယ်ထုတ်မယ် ပြီးရင် Aceနဲ့တိုက်ခိုက်ပြီးချေမှုန်းမယ် ဆိုတာမျိုးကဖြစ်နိုင်ချေရှိပါတယ်။


Marine Ford Warက Whitebeard နဲ့သူ့သားတစ်သိုက်လက်ချက်နဲ့တင် Marnie Fordကြီးက တစ်ဝက်လောက်ပျက်စီးသွားတာဗျာ Kaido နဲ့ King ပါရောက်ချလာရင် Marine Ford ကြီးက အစအနတောင်ရှာရမယ်မထင်ပါဘူး။ Marine Ford ကြီးနဲ့အတူ Marine တပ်သားအတော်များများက အမျှဝေရမှာဖြစ်ပါတယ်။ ဒီလိုဆိုရင် ကမ္ဘာကြီးရဲ့ တရားမျှတမှုကပျက်ပြားပြီးတော့ Pirates တွေကသာကြီးစိုးလာတော့မှာဖြစ်ပါတယ်။ Pirates တိုင်းက Staw Hats တွေလို ပရဟိတသမားတွေမဟုတ်တာမလို့ ပြည်သူအများအပြား အိုးအိမ်တွေပျက်စီး အသက်တွေ သေကြေကြတော့မှာပါ။


ဒီတော့ Shanksက Kaido ကိုတားစီးခဲ့တယ်ဆိုတာက Whitebeard ကိုကူညီခဲ့တာလဲမဟုတ်သလို World Government ကို အထောက်အပံ့လုပ်ခဲ့တာလဲမဟုတ်ပါဘူး။ ကမ္ဘာကြီးရဲ့ မျှခြေကိုထိန်းထားတဲ့ Yonko, Shichibukai, World Governmentဆိုတဲ့ ထောက်တိုင်သုံးခုထဲက တစ်ခုဖြစ်တဲ့ World Government ကြီးကျဆုံးသွားရင် ကမ္ဘာကြီးကမောက်ကမဖြစ်ကုန်မှာဆိုးလို့တားစီးခဲ့တဲ့ဘဘောပါပဲ။


Marine Ford Warကိုလာတားလိုက်တာကလဲ ဆက်ပြီးတိုက်ခိုက်မယ်ဆိုရင် Whitebeard Crewရော Marine တွေရော ပိုသေတာပဲဖြစ်ပါလိမ့်မယ်။


Shanks နဲ့ပက်သက်ပြီး Odaနောက်တကြိမ် Suprise တိုက်လိုက်တာကတော့ Episode 887 [ Manga Chapter 902 ] ရဲ့ နောက်ဆုံးအခန်းမှာ ကမ္ဘာ့လုံခြုံရေးအတင်းကြပ်ဆုံးနေရာ Mary Geoise မှာရှိတဲ့နန်းတော်ထဲကို Shanks ကတစ်ကိုယ်တည်းဝင်ရောက်လာခဲ့ပြီးတော့ 5 Elders တွေနဲ့ အတင်းတုတ်ဖို့ တွေ့ဆုံခဲ့ပါသေးတယ်။ဒီအကြိမ်မှာတော့ Shanks က ပင်လယ်ဓားပြတစ်ယောက်အကြောင်းပြောချင်တယ်ဆိုပြီး Odaက ဘယ်သူလဲဆိုတာကို ချန်ထားခဲ့ပါတယ်။


Shanks ပြောခဲ့တဲ့ အဲ့တစ်ယောက်ဆိုတာက ဘယ်သူမှန်းမသိပေမယ့် ကမ္ဘာကြီးရဲ့ မျှခြေကို ပျက်နိုင်တဲ့လူဆိုတာကတော့ သေချာပါတယ်။ဒါကြောင့်ပဲ Shanks က World Government ကိုတားစေချင်တဲ့သဘောနဲ့ လာပြောတာပဲဖြစ်နိုင်ပါတယ်။


Shanks ကိုနောက်ဆုံးမြင်တွေ့ လိုက်ရတာကတော့ Chapter 1055မှာဖြစ်ပါတယ်။ Chapter 1054မှာ Shanks ပြောခဲ့တဲ့စကားရဲ့ အဓိပ္ပာယ်က အရမ်းကြီးကိုလေးနက်လွန်းနေပါတယ်။ Shanks က Benn Beckman ကို " One Piece ကိုယူဖို့အချိန်တန်ပြီမလား " ဆိုတဲ့စကားမျိုးကိုပြောလိုက်တာပါ။ One Piece ကိုသွားရှာမယ်လို့မပြောပဲ သွားယူမယ်လို့ပြောခဲ့ပါတယ်။ ဆိုလိုချင်တာက One Piece ရှိနေတဲ့နေရာကြီးကို အတိအကျ‌သိနေသလိုကြီးပါပဲ။


ဒါဆို Shanks က One piece အတွက် ဘာလို့ခုမှလှုပ်ရှားတာလဲပေါ့ စဉ်းစားစရာပါပဲ။ Shanks က ကမ္ဘာကြီးရဲ့ မျှခြေကိုထိန်းပေးနေရတဲ့အတွက် One Piece အတွက်မလှုပ်ရှားခဲ့တာလို့ပဲထင်ပါတယ်။ အခုအချိန်မှာက Revolution Army က World Government ကိုစစ်ကြေငြာလိုက်ပြီမလို့ ကမ္ဘာကြီးရဲ့ ပြောင်းလဲခြင်းတွေက စတင်ပြီးဖြစ်ပေါ်လာပါပြီ။


ဘယ်သူပဲနိုင်နိုင် နှစ်ဖက်လုံး အကျအဆုံးများမှာဖြစ်ပြီးတော့ Revolution Army နိုင်ရင် အစိုးရအပြောင်းလဲပါ ဖြစ်မှာမလို့ ကမ္ဘာကြီးရဲ့ မျှခြေဆိုတာပျက်စီးပါပြီ။ ဒီတော့ Shanks အနေနဲ့ ဒီမျှခြေကို ဆက်ထိန်းဖို့မဖြစ်နိုင်တော့သလို ဆက်ထိန်းဖို့လဲမလိုတော့ပါဘူး။


Pirates တိုင်းရဲ့ အိပ်မက်က One piece ကိုပိုင်ဆိုင်နိုင်ဖို့ပါပဲ။ဒီတော့ Red Haired Pirates တွေလဲ သူတို့ရဲ့အိပ်မက်လမ်းကြောင်းပေါ်ကို ပြန်တက်ဖို့အချိန်တန်ပါပြီလို့ထင်ပါတယ်။ Shanks ဆိုတဲ့ Character က ကမ္ဘာကြီးရဲ့ မျှခြေကိုထိန်းပေးနေတဲ့ လူတစ်ယောက်အဖြစ်ကနေ အနားယူဖို့သင့်တဲ့ အချိန်လဲဖြစ်ပါတယ်။


Bonus : Shanks ကဘာလို့လူစောက်မြင်ကပ်ခံရတာလဲဆိုတော့ Shanks Fanတွေကြောင့်ပါ။ Shanks ကို အနှိုင်းမဲ့ပုံစံမျိုးတွေ Roger ထက်သာတဲ့ပုံစံတွေ Kaido ကို 1v1 ‌အမှောက်သိပ်နိုင်တဲ့ ပုံစံတွေပြောနေကြတာမလို့ တခြား Shanks Fanမဟုတ်တဲ့လူတွေက စပြီးစောက်မြင်ကပ်ကြတာပါ။ လက်ခုတ်တောင်ပေါင်ပုတ်တီးမှ အသံမြည်တဲ့ Shanks က One Piece World ရဲ့ အကြမ်းဆုံးတွေထဲက တစ်ယောက်ဆိုပေမယ့် လူတိုင်းထက်ပိုကြမ်းတဲ့ Level မှာရှိနေတာတော့မဟုတ်ခဲ့ပါဘူး။

Comments