သူတို့ထက် နည်းနည်းလောက်သာတဲ့အခါ မင်းကိုမနာလိုဖြစ်ကြလိမ့်မယ်။ မင်းလိုချင်တဲ့အောင်မြင်မူရဖို့ပြောရတာလွယ်ပေမဲ့ကြိုးစားရတာနတ်ပြည်ရောက်ဖို့ထက်ခက်ခဲတယ်။ ရိုးသားတဲ့အလုပ်လုပ်နေရင်တော့ အောင်မြင်မူမှာနှေးကွေးမှာပဲ။ ဝင်လိုရနေပါသေးပါသေးတယ် ဘဝကို တရားမျှတဖို့ ဘယ်တော့မှ မမျော်လင့်ပါနဲ့။ ပြိုလဲလို့ရတယ် ဒါပေမဲ့အရူံးပေးလို့မရဘူး။ မင်းဖြစ်ချင်တဲ့သူဖြစ်လာဖို့ ဘယ်တော့မှနောက်ကျတယ်လို့မရှိပါဘူး
thumb

Luffy ရဲ့ အစ်ကိုတစ်ယောက် Sabo သေမှာလား


Yo...!

Levi ပါဗျ

ကျွန်တော်ဒီ‌နေ့တော့ Sabo ကသေပြီလား ဒါမှမဟုတ်ဘာဆက်ဖြစ်သွားလဲဆိုတာကိုပြောပြပေးသွားမှာပါ။

Manga ကိုအခြေပြုထားတာမလို့ Spoiler Alert ပါဗျ။


Chapter 1060မှာ စိတ်ဝင်စားစရာကိစ္စတွေ အများကြီးဖြစ်ပျက်ခဲ့ပါတယ်။ စိတ်ဝင်စားဖို့အကောင်းဆုံးအရာကတော့ Lulusia Kingdom ရဲ့ ဖျက်စီးခံရမှုပါ။ ဒီလိုဖျက်စီးခံရတာလဲ Lulusia Kingdom မှာ Revolution Armyရဲ့ Second Commander Saboရှိနေတဲ့အတွက်ကြောင့်ပါ။


ပြဿနာရဲ့အစကတော့ Saboက တခြား Revolution Army Commanderတွေနဲ့ အတူ Mary Geoise ကိုဝင်ရောက်ပြီး စစ်ကြေငြာရာကနေစခဲ့တာပါ။ Saboတို့ဝင်ရောက်နေချိန်အတွင်းမှာ သူတို့အားထားရတဲ့ RA Commander Kumaကြီး ကျွန်ပြုခံနေရတာကိုတွေ့ခဲ့ရတဲ့အတွက်ကြောင့် Saboရဲ့ ဒေါသတွေ ငယ်ထိပ်ထိရောက်ခဲ့ရပါတယ်။


ဒါကြောင့် RA Commander တွေရဲ့ Mission က Mary Geoise မှာ စစ်ကြေငြာရုံတင်မဟုတ်တော့ပဲ Kumaကိုကယ်တင်တာကိုပါ ပေါင်းထည့်ခဲ့ပါတယ်။ Saboဦးဆောင်တဲ့ Mary Geoise Mission က နဂိုစီစဥ်ထားတာထက်ကို အောင်မြင်တယ်လို့ဆိုရမှာပါ။


ကျွန်တော်တို့အစတုန်းက ထင်ကြတာက Saboက Mary Geoise ကိုဝင်ရောက်တဲ့အချိန်မှာ အဖမ်းခံရမယ် ဒါကို Luffyတို့က သိပြီးတော့ Revolution Armyနဲ့ ပူပေါင်းမယ် ပြီးရင်တော့ World Government ကိုရင်ဆိုင်မယ့် Final Warစမယ်‌ ပေါ့ဗျာ။ လက်တွေ့မှာတော့ ဒါတွေက တစ်ခုမှဖြစ်မလာခဲ့ပဲ Saboက Mary Geoise Mission အကုန်လုံးကို အောင်မြင်ခဲ့ပါ‌တယ်


ဒါ့အပြင် World Government ရဲ့ Real Leader Imu Samaကိုပါ Saboကတွေ့ခဲ့ပါသေးတယ်။ဒီလိုသိရှိသွားတာကလဲ Sabo အနေနဲ့ သင်္ချိုင်းကုန်းကို မျက်စောင်းထိုးလိုက်သလိုပါပဲ။ ဘာလို့လဲဆိုတော့ World Government က ကမ္ဘာကြီးကိုဦးဆောင်နေတဲ့လူ ဆိုတာမရှိပဲ တစ်ကမ္ဘာလုံးရဲ့ သဘောအတိုင်းရှိနေတာပါဆိုတဲ့ စောက်ကျိုးနည်း Psywarတွေနဲ့ တစ်ကမ္ဘာလုံးကို ဂျင်းထည့်ထားဝာာပါ။


Saboက သူ့ရဲ့ ဖြည်တည်မှုကိုသိသွားတဲ့အတွက်ကြောင့် Imu လဲ အတော်လေးခေါင်းရှုပ်သွားတဲ့ပုံပါပဲ။ Saboရှိနေတဲ့ Lulusia Kingdom တစ်ခုလုံးကို သူပိုင်တဲ့ လက်နက်အစမ်းကြီးနဲ့ ဖျက်စီးပစ်တဲ့အထိပါပဲ။ Imu သုံးသွားတဲ့ အရာကြီးက ဘာကြီးလဲဆိုတာမသိရသေးမယ့် လက်ရှိ One Piece Series တစ်လျှောက် မိတ်ဆက်ထားသမျှအရာတွေထဲမှာ အားအပြင်းဆုံးနဲ့ အကြမ်းဆုံးလက်နက်အဖြစ်ရှိနေပါတယ်။


ဒီနေရာမှာ စဉ်းစားစရာတစ်ခုရှိနေတာက Saboက ဘာလို့ Kumaနဲ့အတူ Dragon ရှိနေတဲ့ Kamabakka Kingdom ဆီကို လိုက်မလာရတာလဲပေါ့နော်။အမှန်ဆိုရင် သူက Mission လဲအောင်ပြီးသွားပြီ Kumaကိုလဲ အောင်အောင်မြင်မြင်ကယ်ထုတ်ပြီးပြီပဲဗျာ RA ဌာနချုပ်ဆီကို ပြန်လာသင့်ပြီမဟုတ်ဘူးလား။ ဒါပေမယ့် Sabo က Kumaနဲ့ ကျန်တဲ့လူတွေကိုပဲ RAဌာနချုပ်ကို ပြန်ခိုင်းပြီးတော့ သူက Lulusia Kingdom မှာဝင်နေခဲ့ပါတယ်။


ပြီးတော့ Dragon ကို Saboက Den den mushi ကြီးနဲ့ဆက်သွယ်ခဲ့တာပါ။ ပြီးတော့ ကိုယ်ပိုင် Den Den Mushiနဲ့ ဆက်သွယ်ခဲ့တာလဲ မဟုတ်ပြန်ပါဘူး။ Lulusia Kingdom က အခုချိန်မှာ World Government ရဲ့ ထိန်းချုပ်မှုအောက်ရှိတော့တာမဟုတ်ပဲ RAရဲ့ ထိန်းချုပ်မှုအောက်မှာပါ။ ဒါကြောင့်မို့ World Government က Lulusia Kingdom ကိုသေချာပေါက်စောင့်ကြည့်နေမှာပါပဲ။ Lulusia Kingdom အတွင်းမှာ Sabo ရှိနေတယ်ဆိုတာကိုလဲ Cipher Pol တွေကသေချာပေါက်သိမှာပါ။


သူ့ရဲ့ လျှို့ဝှက်ချက်ကို သိသွားတဲ့ Saboက Lulusia Kingdom မှာရှိနေတာကိုသိရတဲ့ Imuကတော့ တစ်ချက်ခုတ်နှစ်ချက်ပြတ်လုပ်ပလိုက်ပါတယ်။ သူတို့ကို ပုန်ကန်နေတဲ့ Lulusia Kingdom ကိုဖျက်စီးလိုက်တဲ့အတွက် တခြား ပုန်ကန်ချင်နေတဲ့တိုင်းပြည်တွေကိုသတိပေးပြီးသားလဲဖြစ်သလို Saboကိုလဲရှင်းပစ်ပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် Saboသေသွားလား မသေသွားလားဆိုတာကိုတော့ Confirm ထားခြင်းမရှိသေးပါဘူး။


Saboအနေနဲ့ Kamabakka တိုင်းပြည်ကိုတန်းမပြန်ခဲ့တာက Imu ရဲ့ Power နဲ့ ဘယ်လောက်ထိလျှို့ဝှက်ထားချင်တဲ့ကိစ္စလဲဆိုတာသိရအောင် အကဲစမ်းလိုက်တဲ့ပုံပါပဲ။ သူ့ရဲ့လုပ်ရပ်ကြောင့် Lulusia Kingdom ကတော့ စတေးခံဖြစ်ခဲ့ရပါတယ်။ Saboက Logia Type Devil Fruit User ဖြစ်တာမလို့ Imuရဲ့လက်ချက်နဲ့ မသေကြဘူးလို့အားလုံးထင်ကြပါလိမ့်မယ်။


Imu ကိုယ်တိုင်ကလဲ Saboက Logia Userဆိုတာသိပြီးသားပါ။ဒါကြောင့်မို့ Imu ရဲ့ လက်နက်က Devil Fruit User တွေကိုပါသက်ရောက်နိုင်တာမျိုးဖြစ်ပါလိမ့်မယ်။ Logia User တွေအပေါ်မသက်ရောက်ဘူးဆိုရင်တောင်မှ Sabo ရောက်နေတဲ့ Lulusia Kingdom ကြီးတစ်ခုလုံးပျက်စီးသွားတာမလို့ Saboအတွက် ခြေချစရာမြေကြီးမရှိလောက်တော့ပါဘူး။


Saboက Devil Fruit User ဖြစ်တာမလို့ မြေကြီးမရှိပဲ ရေတွေချည်းပဲရှိတဲ့နေရာမှာ အချိန်အကြာကြီး အသက်ရှင်နိုင်ခြေမရှိလောက်ပါဘူး။ 

Saboအနေနဲ့ အသက်ရှင်နေမယ်ဆိုတဲ့ အာမခံချက်ဆိုတာ မရှိတဲ့ အခြေအနေမှာဖြစ်ပါတယ်။


ဒါပေမယ့် Saboက Aceတို့ Luffyတို့လို စိတ်ထင်ရာလုပ်တတ်တဲ့လူမဟုတ်တာကိုတော့ ထည့်တွေးရပါမယ်။ ဒီလောက် အန္တရာယ်ကြီးတဲ့ ကိစ္စကိုသိထားတာကြောင့် သူ့အသက်ကို ရန်ရှာခံရမယ်ကို ကြိုတွေးထားမယ်လို့ယုံကြပါတယ်။ Saboကလဲ One Piece ရဲ့ Main Character တွေထဲကတစ်ယောက်ပဲမလို့ Odaအနေနဲ့ Saboကို One Shoot လောက်နဲ့သတ်ပစ်လောက်မှာမဟုတ်ပါဘူး။


ဒီတော့ ကျွန်တော့်အထင်ကတော့ Saboအနေနဲ့ Final Warမှာပါဝင်ပါလိမ့်မယ်။ Final Warမတိုင်ခင်အထိတော့ Saboကို ပြန်‌မတွေ့ရလောက်ပါဘူး။ ပြန်တွေ့ရမယ်ဆိုရင်တောင်မှ အကောင်းပကတိအတိုင်းတော့ ရှိနေမယ်လို့မထင်မိပါဘူး။

Lulusia Kingdom ရဲ့ဖျက်စီးခံရမှုနဲ့အတူ Saboအနေနဲ့ ကြီးကြီးမားမား ထိခိုက်ပြီးတော့ အသက်သေဆုံးမှုတော့ မရှိနိုင်လောက်ဘူးလို့ ကျွန်တော့်အနေနဲ့ထင်မိပါတယ်။


#Levi

#Heavenanime

#apexcanalanime

Comments